Android ဖုန်းတွေမှာ မြန်မာဖောင့် (ဇော်ဂျီ) သွင်းပုံသွင်းနည်းလေးကို သူငယ်ချင်းတွေမေးကြတာ များလို့  post အဖြစ် တင်လိုက်တာပါ......ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ မြန်မာဖောင့်ကို သွင်းလိုရပါတယ် ..
ပထမဆုံး အနေနဲ့  ဖုန်းကို WiFi နဲ့  အရင်ချိတ်လိုက်ပါ..ပီးရင် Android ရဲ့ Market မှာ Fontomizer SP ဆိုတာကို ရှာလိုက်ပါ တွေ့ ပီဆိုရင် ဖုန်းထဲကို install လုပ်လိုက်ပါ...
ပုံလေးမှာလည်းပြထားပါတယ် ..logo လေးက ကျတောဓာတ်ပုံရိုက်ထားတာ သိပ်မထင်ရှားဘူးဖြစ်နေတယ်..
ဖုန်းထဲကို Fotomizer SP လေးရောက်လာပီဆိုရင် open လိုက်ပါ ပီးရင် font အမျိုးအစားတွေအများကြီးထဲက အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး install လုပ်လိုက်ပါ
install လုပ်ပီးသွားပီဆိုရင်တော့ ဖုန်းရဲ့ setting ထဲကိုဝင်.....ပီးရင် Display ->Font style မှာ Zawgyi One TTF ဆိုတာလေးကို ရွေးလိုက်ရင် မြန်မာစာကို မြင်ရပီဖြစ်ပါတယ်
ကျတော် Samsung Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........ တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်
ကျတော် Samsung Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........ တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်
မြန်မာစာကို ရိုက်ဖို့ အတွက်ကတော့ Android ရဲ့ Market iTextMM2 Keyboard ကို ရှာပီးအင်စတောသွင်းလိုက်ပါ..ပီးသွားတာနဲ့  ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က settings-> Locale and text ထဲက Select input method ထဲကို ၀င်ပါ..ပီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင် မြန်မာလိုရိုက်ဖို့ အတွက် အဆင်ပြေသွားပါပီ..
ရိုက်ရတာလည်း အဆင်ပြေလွယ်ကူပါတယ်
ခုကျတော်စမ်းထားတာ ကျတော်သုံးနေတဲ့ Samsung Galaxy SPlus မှာပါ...တချို့  Android ဖုန်းအမျိုးအစားတွေအတွက် setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market က iTextmm ရဲ့ မူရင်းလင့်လေးပါတင်ပေးထားပါတယ် ဒီမှာပါ
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..
2 comments:
ကျေးဇူးတင်ပါတယ် .... ကျွန်တော် လုပ်ကြည့်တာ ဆင်ပြေတယ် ခင်ဗျ..........သိုင်းကျူးပါ...
အခုလို ပြောပြပေးတာ ကျေးဇူးအများကြီးတင်တယ်ဗျာ ကျွန်တော်လဲ ဇော်ဂျီဖောင့် ထဲ့ မရလို့ အခက်ခဲကြုံနေတာ ခုမှ အဆင်ပြေသွားပါတယ်။ကျေးဇူးပါ
Post a Comment