မင်္ဂလာပါခင်ဗျာ ....ခုမှအသစ်လုပ်ထားတဲ့အတွက် လိုအပ်ချက်များစွာရှိနေပါသေးတယ် ..ကျတော်လည်း သိထားတာတွေကို ဆက်လက်ဝေမျှပေးပါမယ်

ကျတော့ရဲ့ နည်းပညာဆိုက်လေးကို လာလည်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, July 31, 2011

Wondershare DVD Slideshow Builder Deluxe

သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံတွေကို Music ,Effect မျိုးစုံနဲ့  အလွယ်တကူ slideshow ပုံစံလေးလုပ်တာလိုချင်လို့ ဆိုလို့  ရှာပီးတင်ပေးလိုက်တာပါ...ဒီကောင်လေးက DVD slideshow လေးဖြစ်တဲ့အတွက် DVD နဲ့ ပါ တစ်ခါတည်းကြည့်လို့ ရပါတယ်..အောက်မှာ Time line လေးပါပါတဲ့အတွက် အလွယ်တကူဖန်တီးယူလို့ ရပါတယ်...သုံးရတာလည်း အလွန်လွယ်ကူပါတယ်...အမြဲတမ်းအသုံးပြုလို့ ရအောင် serial key လေးပါထည့်ပေးထားပါတယ်... လိုချင်တယ်ဆိုရင်တော့ အောက်မှာဝင်ယူသွားပါ..

Mediafire / ifile

Format Factory 2.60


ဒီ Format Factory လေးက viedo ဖိုင်တွေကို Mp3 ပြောင်းချင်တာပဲဖြစ်ဖြစ်... viedos,auidos,pictures စတာတွေကို format အမျိုးမျိုးပြောင်းချင်တာပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်..ပီးတော့ dvd, cd ထဲကိုဖိုင်တွေကိုလည်း file အမျိုးအစားတွေပြောင်းပေးနိုင်ပါတယ်...media file တော်တော်များများကိုလည်း support လုပ်ပေးပါတယ်....free software အမျိုးအစားလေးပါ.. install သွင်းပီး စိတ်ကြိုက်အသုံးပြုလို့ ရပါတယ်..လိုအပ်တယ်ဆိုရင် ယူသွားပါ...


Winrar 390


Computer ထဲမှာ rar ဖိုင်တွေ ဖြည်လို့ မရလို့  အခက်အခဲကြုံနေတဲ့ လူတွေအတွက် တင်ပေးလိုက်တာပါ...စက်ထဲမှာ winrar မရှိရင် rar ဖိုင်တွေကို ဘယ်လို့ မှဖြည်လို့ ရမှာမဟုတ်ပါဘူး ..အဲ့ဒီအတွက် ဒီ winrar 390 လေးကို download လုပ်ပီး စက်ထဲမှာ run ပေးလိုက်ပါ...မရှိသေးတဲ့လူတွေအတွက်တင်ပေးလိုက်တာပါ.....လိုအပ်ရင်ဝင်ယူသွားပါ..

Winrar 390

SlowChees Blitz WV2.1


Chees game လေးပါ...file ဆိုဒ်က 587 KB လေးပဲရှိပါတယ်...သေးသေးလေးပါ...အထင်တော့မသေးလိုက်နဲ့ နော်....နိုင်အောင်ဆော့ကြည့်ပါ.. Chees လက်ရွေးစင်တွေတောင် နိုင်အောင်တော်တော်ဆော့ယူရတဲ့ game လေးပါ... Chees ထိုးတာ ၀ါသနာပါတဲ့လူတွေ စမ်းကြည့်ကြည့်ပါ..နိုင်ခဲ့ရင် တကယ်ချီးကျူးရမှာပါ..ကျတော်တော့ ဆော့ကြည့်ပီးပီ....မနိုင်လို့  မဆော့တာကြာပေါ့..ခုမှသတိရလို့  တင်ပေးလိုက်တာပါ..အောက်မှာတင်ပေးထားပါတယ် ...လိုချင်ရင်ဝင်ယူသွားပါ... Portable အမျိုးအစားလေးပါ..


Saturday, July 30, 2011

Adobe Photoshop CS5 (portable)





Adobe Photoshop ရဲ့ နောက်ဆုံးထွက် ဗားရှင်း CS5 သုံးချင်တဲ့လူတွေအတွက် တင်ပေးထားပါတယ်..
ဒီကောင်လေးလည်း portable လေးပါပဲ...အလွယ်တကူသုံးလို့ ရတာပေါ့... photoshop သမားတွေနဲ့  photoshop ကို စိတ်ဝင်စားတဲ့လူတွေအတွက်ပါ...potable ဆိုတော့ ဘယ်သွားသွား stick လေးထဲထည့်ပီး ယူသွားလို့ ရတာပေါ့ဗျာ....လိုချင်ရင်အောက်မှာတင်ပေးထားပါတယ်...

Mediafire / ifile

VLC Media Player


အသိညီလေး တစ်ယောက်ကို media player ပေးမလို့ လုပ်ရင်းနဲ့  တခါတည်းတင်ပေးလိုက်တာပါ..
ဒီ VLC media player လေးက ဗားရှင်း( 1.1.11)အသစ်လေးပါ.....ဒီ media player လေးက ၀င်ဒိုးအားလုံးမှာအဆင်ပြေပါတယ်...သုံးလို့ လည်းကောင်းပါတယ်... (MPEG-4, MPEG-2, MPEG-1, DivX, mp3, ogg, .....နဲ့  DVDs,VCDs ) တွေကို support လုပ်ပါတယ်...အောက်မှာတင်ပေးထားပါတယ်...လိုအပ်ရင်ဒေါင်းသွားပါ...


Friday, July 29, 2011

CCleaner (portable)


CCleaner ကတော့ ကိုယ့်ရဲ့ computer ထဲမှာမလိုအပ်တဲ့ပဲ computer ကိုလေးစေတဲ့ဖိုင်တွေ ....မလိုအပ်ပဲ စက်ကအလိုအလျှောက်မှတ်သားထားတဲ့ History file တွေစသဖြင့် ...ဖိုင်တွေကို ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်..ပုံမှန်ဆိုရင် run ဘောက်ကိုခေါ်ပီး %temp% , resent တို့ ဘာညာဆိုပီးရိုက် ပီးတာနဲ့ လိုက်ဖျက်နေရတာ..ဒီတော့အချိန်ပေးရတာပေါ့...ဒီ CCleaner လေးကို သုံးလိုက်တော့ အဆင်ပြေသွားတာပေါ့...ခုက portable လေးဆိုတော့ install လုပ်စရာတောင်မလိုတော့ဘူး...လိုအပ်ရင် ယူသွားပါ...


IDM 6.60 Build 8


Internet Download Manager ဆိုရင် လူတိုင်းနီးပါးသိပီးသားပါ..အားလုံးနဲ့ လည်း အကျွမ်းတ၀င် ရှိပီးသားဆိုတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...ကျတော့ကတော့ downloader တွေထဲမှာ IDM ကို အကြိုက်ဆုံးပါပဲ.. သုံးရတာအရမ်းလည်းလွယ်ကူပီးအဆင်ပြေပါတယ်....ခု ဗားရှင်း 6.06 လေးတွေ့ လို့  တင်ပေးထားတာပါ....serial key ရော crack ရော ပါပါတယ်....update တွေသုံးချင်တဲ့လူတွေအတွက်တင်ပေးလိုက်တာပါ..လိုချင်ရင် အောက်မှတင်ပေးထားပါတယ်....ယူသွားပါ...


Thursday, July 28, 2011

Teamviewer v6



teamviewer ဗားရှင်းအသစ်လေးပါ... ဒီ teamviewer software လေးက တော်တော်ကို အသုံးဝင်ပါတယ်..ဒီကောင်လေးက အွန်းလိုင်းကနေပီး ကိုယ့်ရဲ့စက်ကိုလှမ်းပီး ကြည့်ခိုင်းတာပဲဖြစ်ဖြစ်...ကိုယ်ကိုတိုင်က သူများရဲ့စက်ကိုကြည့်ချင်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်... software ကိုဖွင့်ပီး ID နဲ့  password ကို ကြည့်ပေးချင်တဲ့လူကို ပေးလိုက်ရင် အဲ့ဒီလူက ကိုယ့်ရဲ့စက်ကို ကြိုက်သလို မွှေနှောက်ကြည့်လို့ ရပါတယ်...ဒီဆော့ဝဲလ်လေးရဲ့ အားသာချက်ကတော့ ပိတ်ပီး ပြန်ဖွင့်လိုက်တိုင်း password ကိုအမြဲချိန်းပေးပါတယ်...ကိုယ်ကိုတိုင် password မပေးပဲ ဘာမှဝင်ပီးလုပ်လို့ မရပါဘူး...partner ID အောက်မှာ Remote contorl , File transfer, VPN ဆိုပီး သုံးမျိုးပါပေးထားပါတယ် ကြိုက်တာရွေးပီး သုံးလို့ ရပါတယ်...
မူရင်းဆိုဒ်လေးက ဒီမှာပါ.. လိုအပ်ရင်အောက်မှာ ဒေါင်းသွားပါ..


Wednesday, July 27, 2011

ဇော်ဂျီ နဲ့  window ပြဿနာ

ကျတော့သူငယ်ချင်းတချို့ နဲ့  မိတ်ဆွေတချို့ က စက်မှာ ဇော်ဂျီဖောင့်ကိုသွင်းပီး မြန်မာလို မမြင်ရလို့  .. မြင်ရပီးတော့ gtalk မှာ စာရိုက်လို့ မရလို့ ....စာရိုက်လို့ ရပီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲ ပေါ်လို့  ဆိုပီး လာလာမေးကြတယ်...ဒါနဲ့ ပဲ အဆင်မပြေတဲ့လူတွေပါ တခါတည်းသိအောင်လို့ ဆိုပီး ဒီပိုစ့်လေးရေးလိုက်တာပါ...
အဓိကပြဿနာတက်တာတော့ window 7 နဲ့  64 bits တွေကိုကိုင်တဲ့လူတွေမှာ
အဆင်မပြေတာတွေများပါတယ် ..တကယ်လို့  အဆင်မပြေတဲ့လူတွေရှိရင် အောက်ပါအတိုင်းလေးလုပ်လိုက်ပါ..ကဲစရအောင်ဗျာ..

Gtalk မှာ Group chat (party chat) လုပ်နည်းလေးပါ


Gtalk မှာ ကိုယ်ပိုင် Group Chat လေးလုပ်ပီး chat box တစ်ခုထဲမှာ သူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့  ဆွေးနွေးချင်တယ်ဆိုရင်...ဒါမှမဟုတ် အဖွဲ့ အစည်း..လုပ်ငန်းသုံးအတွက် group chat လေးလုပ်ချင်တဲ့လူတွေအတွက် လုပ်ပုံလုပ်နည်းလေး ပါ..ကဲ စလိုက်ကြရအောင်ဗျာ...
ပထမဆုံး http://partychapp.appspot.com/ ဆိုတဲ့နေရာလေးကို သွားလိုက်ပါ ...ရောက်သွားပီဆိုရင်အောက်မှာ How do I create a Room? ဆိုတဲ့ စာလေးတွေ့ လိမ့်မယ် ..အဲ့ဒီအောက်က sing in နေရာမှာ ကိုယ့် gmail နဲ့  sing in ၀င်လိုက်ပါ...ပီးတာနဲ့  Allow လုပ်လိုက်ပါ..ပီးတာနဲ့  အောက်ပုံလေးမှာပါတဲ့ Create a new room ဆိုတာလေးကို ကလစ်နှိပ်ပါ

Tuesday, July 26, 2011

gtalk smilie theme v3.0


MMITD ဆိုဒ်က အစ်ကို ကိုအေးလွင့် တင်ပေးထားတဲ့ gtalk အတွက် theme လေးပါ... window XP ရော window 7 နှစ်ခုလုံးအတွက် ပါပါတယ် ...ဒီကောင်လေးက ကို ကျတော်စမ်းသုံးကြည့်တော့ သဘောကျသွားတာ..ဒါနဲ့  ပြန်ပီးတင်ပေးလိုက်တာပါ ..နေ့ တိုင်းတွေနေရတဲ့  gtalk ဒီဇိုင်းလေး လန်းသွားသလို့  smiley အသစ်တွေလည်းတိုးလာပါတယ်...ပီးတော့ ရိုက်ပုံရိုက်နည်း symbol လေးတွေကိုလည်း ဖိုင်ထဲမှာ notepad နဲ့ တခါတည်းထည့်ရေးပေးထားပါတယ်... gtalk မှာ theme အသစ်လေးတွေ သုံးရင်တော့ စစချင်းဆိုရင် gtalk ကို လေးစေပါတယ် ...သုံးရင်းနဲ့  နဲနဲကြာလာရင် ဘာမှမဖြစ်တော့ပဲ ok ပါတယ် ... လိုချင်တယ်ဆိုရင်တော့ အောက်မှာတင်ထားပေးပါတယ်...

TeraCopy 2.12


ဒီ software လေးက စက်တိုင်းမှာရှိသင့်တယ်လို့ ထင်ပါတယ်.. ဒီ Teracopy လေးရှိရင် copy & paste လုပ်တဲ့အခါ အရမ်းကို မြန်ဆန်သွားပါတယ်.. သိပီးသားလူတွေတော့များမှာပါ ..ဒါပေမယ့် မသိတဲ့လူတွေအတွက် လိုအပ်မယ်ထင်လို့  တင်ပေးလိုက်တာပါ..လိုအပ်မယ်ဆိုရင် အောက်မှာ ယူသွားပါ ..

Sunday, July 24, 2011

Matrix Screen Locker


ဒီကောင်လေးက Screen locker ဆိုတဲ့အတိုင်း screen ကို လော့ချပေးတဲ့ ဆော့ဝဲလ်လေးပါ... ကိုယ်ပိုင်စက် အသုံးပြုနေတဲ့ လူတွေအတွက် အသုံးဝင်ပါတယ်...ကိုယ်စက်သုံးနေတဲ့အချိန် အပြင်သွားစရာရှိရင် ဒီကောင်လေးနဲ့  lock ချလိုက်တာနဲ့  password သိတဲ့လူကလွဲလို့  စက်ကိုဘယ်သူမှ ဖွင့်လို့ ၇မှာမဟုတ်တော့ပါဘူး...ဒီကောင်လေးကို install သွင်းပီးတာနဲ့  taskbar ညာဘက်မှာ X ပုံလေးပေါ်နေပါလိမ့်မယ်...အဲ့ဒီ X ပုံလေးမှာ right click နှိပ်ပီး set password ကို ကလစ်ပေးပါ...