မင်္ဂလာပါခင်ဗျာ ....ခုမှအသစ်လုပ်ထားတဲ့အတွက် လိုအပ်ချက်များစွာရှိနေပါသေးတယ် ..ကျတော်လည်း သိထားတာတွေကို ဆက်လက်ဝေမျှပေးပါမယ်

ကျတော့ရဲ့ နည်းပညာဆိုက်လေးကို လာလည်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 29, 2011

Animated Desktop Fruit Christmas Wallpaper



Christmas အတွက် အမှတ်တရလေးပေါ့..သူများတွေကို လက်ဆောင်ပေးချင်လည်း ပေးလို့ ရအောင်  တင်ပေးတာပါ...Animated Wallpaper  ဆိုတဲ့ အတိုင်း  အဲ့ကောင်လေးကို run ပေးထားရင်  desktop ပေါ်မှာ နှင်းလေးတွေပါ ကျနေမှာပါ.......  နင်းတွေကျနေလို့  desktop အေးမှာဆိုးလို့   :P    ပိတ်ချင်တယ်ဆိုရင်တော့ taskbar က Animated snow wallpaper ဆိုတာလေးကို  right click ပေးပီး Exit လုပ်လိုက်ရင် ရပါပီ...သဘောကျမယ်ထင်လို့  တင်ပေးတာပါ...လိုချင်တယ်ဆိုရင်တော့ အောက်က အဆင်ပြေတဲ့လင့်ကနေ ဒေါင်းသွားပါ...  ။



mediafire  ၊    ifile   

Sunday, November 27, 2011

Gmail Account Locked ကျသွားရင်

Gmail Account Locked ကျသွားရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မေးတာလေးတွေ တွေ့ တော်  ရှာကြည့်တာ    Google က အဲ့အတွက် service ပေးထားပါတယ်။ အောက်က Link ကိုသွားပါ။

https://www.google.com/accounts/DisplayUnlockCaptcha

ရောက်သွားရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါမယ်...




 အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။ အဆင်ပြေမယ်လို့ တော့ မျှော်လင့်ပါတယ်..

ကျတော်လည်း lock မကျဘူးတော့ မစမ်းဖြစ်သေးဘူး..အဆင်မပြေရင် comment ချန်ထားပေးပါ...

Friday, November 25, 2011

Viedo ကို Desktop မှာ Wallpaper အနေနဲ့ ထားကြည့်ရအောင် (with VLC )

မနေ့ က ထက်ဇော် (MMiTD ) နဲ့ အွန်းလိုင်းကနေ ချက်နေရင်း  viedo file ကို desktop မှာ wallpaper အနေနဲ့   သုံးလို့ ရတာသိလားဆိုပီး  ပြောလာတယ်...ကျတော်ကလည်း  မသိဘူးလို့  ပြောတော့  ခု mmitd ဆိုဒ်ထဲမှာ  အဲ့ဒီအကြောင်း post အသစ်လေးတင်နေတာတဲ့...တင်းပီးပီးခြင်း link ပေးတာနဲ့  ၀င်ကြည့်လိုက်တာ  သဘောကျသွားတယ်..အဲ့ဒါနဲ့   ကျတော်လည်း  ပြန်ရှယ်လိုက်တာပါ...ထက်ဇော်(MMiTD)  ရဲ့   post အတိုင်း   ပြန်တင်ပေးထားတာပါ....  အောက်မှာ ဖတ်ကြည့်ပီး စမ်းကြည့်ကြည့်ပါ..သဘောကျမှာပါ....နည်းပညာအသစ်တွေမျှဝေပေးတဲ့ ထက်ဇော်  (MMiTD) ကိုလည်း အထူးကျေးဇူးတင်ပါတယ်...


ကျွန်တော်တို့ နေ့ စဉ် မရှိအဖြစ် အမြဲတစ်စေ အသုံးပြုနေကြမြဲ ဖြစ်တဲ့ .. ကွန်ပျူတာ တွေ အတွက် ... ပုံသေ သတ်မှတ်ပေးထားသော Desktop Background ကြီးကို သုံးနေရတာ ပျင်းရိငြီးငွေနေ့ ပါပြီလားးး ??

အဲ့ဒါဆို .... ကိုယ့်စိတ်ကြိုက် Video ခွေတစ်ခွေ (သို့ ) Music Video အစ ရှိတာတွေကို Desktop Background မှာ ထားပြီး ကွန်ပျူတာကို အသုံးပြုကြည့်ရအောင် .... ။

Avira AntiVirus Premium 2012


Avira Antivirus ကို သဘောကျတဲ့လူတွေအတွက်  Avira AntiVir Premium 2012   လေးတင်ပေးတာပါ..  Avira  ကို ကျတော်ကိုယ်တိုင်လည်း   လက်ရှိအသုံးပြုပါတယ်  ... Avira ရဲ့  အားသာချက်က    တခြား   Antivirus software တွေမသတ်ပေးနိုင်တဲ့ virus တွေကိုပါ   ရှင်းပေးနိုင်ပါတယ်....ခုကျတော်တင်ပေးထားတဲ့   rar ဖိုင်ထဲမှာ 25.5.2012 အထိအသုံးပြုလို့ ရမယ့်  HBEDV-key လေးပါ တခါတည်းထဲ ထည့်ပေးထားပါတယ်..... လိုချင်ရင်တော့ အောက်ကပေးထားတဲ့ လင့်တွေထဲက အဆင်ပြေတဲ့ link ကနေ download  လုပ်သွားပါ...။



mediafire  ၊    ifile 

Thursday, November 24, 2011

Internet Download Manager v6.07.14


IDM ဗားရှင်းအသစ်လေးတွေ့ လို့ တင်ပေးလိုက်တာပါ.... IDM (Internet Download Manager ) ဆိုရင်  လူတိုင်းသိထားပီးသားဖြစ်လို့   ဘာမှရှင်းပြမနေတော့ပါဘူး....  IDM ဗားရှင်းအသစ်ကိုမှ  သုံးချင်တဲ့လူတွေအတွက်  တင်ပေးလိုက်တာပါ... crack ဖိုင်ပါတခါတည်းပါပါတယ်   ..လိုချင်ရင် အဆင်ပြေတဲ့လင်ကနေ ဒေါင်းလော့ သာလုပ်သွားပါ...



mediafire  ၊    ifile  

Auto Hide IP v 5.1.7.2



ဒီ software လေးကတော့  ကိုယ်ရဲ့ ကွန်ပျူတာ IP နံပတ်ကို ပြောင်းစေချင်တဲ့အခါမှာ အသုံးပြုလို့ ရပါတယ်...ကျတော်တို့ တွေ  အွန်လိုင်းပေါ်က တချို့ စိတ်မချရတဲ့ဆိုဒ်တွေကို  ၀င်ရောက်ကြည့်ရှု့ တဲ့ အခါမှာ  ကိုယ့်ရဲ့  IP နံပတ်ကို အမှန်အတိုင်းအလွယ်တကူ ရှာဖွေလို့  မရစေချင်တဲ့အခါမျိုးတွေမှာ အသုံးပြုလို့ ရပါတယ်......ဒီဆော့ဝဲလ်ကို အကျိုးရှိမယ့်နေရာတွေ မှာသာ  အသုံးပြုပါလို့ တော့ တောင်းဆိုချင်ပါတယ်ဗျာ...အမြဲတမ်းအသုံးပြုလို့ ရအောင် crack လေးပါထည့်ပေးထားပါတယ်...လိုချင်တဲ့လူများ အောက်က ဒေါင်းလော့  link က အဆင်ပြေတဲ့နေရာကနေ ဒေါင်းသွားပါ  ။



mediafire  ၊   ifile  

Wednesday, November 23, 2011

Folder Lock 6.6.5



ကိုယ့်ရဲ့  computer ထဲက  မိမိရဲ့  အရေးကြီးတဲ့ အချက်အလက်တွေ ၊ သူများမမြင်စေချင်တဲ့ file တွေ folder တွေ  (အနည်းနဲ့ အများတော့ ရှိကျမယ်ထင်ပါတယ် :D )ကို  အလွယ်တကူနဲ့  သိမ်းထားချင်တဲ့လူတွေအတွက်  ဒီ Folderlock softwareလေးကိုတင်ပေးတာပါ...ဒီ folderlock  software လေးကို password ပေးပီး  ကိုယ်သိမ်းချင်တဲ့ ဖိုင်တွေ ၊   folder တွေကိုထည့်ပီး  သိမ်းထားနိုင်ပါတယ်... ကိုယ်ပေးတဲ့ password ကိုတော့  မမေ့ဖို့ တော့လိုတာပေါ့ဗျာ    :)     ဒီ  Folderlock software က အသုံးမပြုချင်လို့  uninstall လုပ်မယ်ဆိုရင်တောင်   password     ပြန်ထည့်ပေးပီးမှ    uninstall လုပ်လို့ ရမှာပါ...အဲ့ဒီအတွက် ဒီဆော့ဝဲလ်ကို ဖျက်ချင်တယ်ဆိုရင်တောင် password မသိပဲ ဖျက်စီးလို့ မရတဲ့အတွက်  စိတ်ချရပါတယ်...အသုံးပြုပုံက လွယ်ကူတဲ့အတွက် လေကြောရှည်မနေတော့ပါဘူး...ကိုယ်တိုင်သာ စမ်းကြည့်လိုက်ပါ....လိုအပ်တဲ့လူများ အောက်က အဆင်ပြေတဲ့ download link ကနေ ဒေါင်းသွားကြပါ.. အမြဲတမ်းအသုံးပြုနိုင်အောင် key လေးပါ  file ထဲမှာတခါတည်း ထည့်ပေးထားပါတယ်.



mediafire   ၊     ifile

Tuesday, November 22, 2011

AutoHideDesktopicons 1.36

 

desktop  ပေါ်က icons လေးတွေပေါ်နေတာကို ဖျောက်ချင်သူတွေအတွက် autohide desktopicon 1.36 လေး တင်ပေးတာပါ...  freeware software လေးဖြစ်သလို အသုံးပြုရတာလည်း  လွယ်ကူပါတယ်....ဘာ install မှ လုပ်စရာမလိုပါဘူး...  ပေးထားတဲ့ zip ဖိုင်လေးကို ဖြည်လိုက်ရင်  icon လေးထွက်လာမယ်  ပီးတာနဲ့   icon လေးကိုနှိပ်လိုက်တာနဲ့   အလုပ်စလုပ်ပါပီ...  icon ကို ဖျောက်ချင်တဲ့ အချိန်လေးသာ  ကြိုက်သလိုထားလိုက် အချိန်ပြည့်သွားတာနဲ့   desktop ပေါ်မှာ ပြောင်သလင်းခါသွားပ့ါမယ်..အောက်က ပုံလေးကို ကြည့်ပ့ါ...