မင်္ဂလာပါခင်ဗျာ ....ခုမှအသစ်လုပ်ထားတဲ့အတွက် လိုအပ်ချက်များစွာရှိနေပါသေးတယ် ..ကျတော်လည်း သိထားတာတွေကို ဆက်လက်ဝေမျှပေးပါမယ်

ကျတော့ရဲ့ နည်းပညာဆိုက်လေးကို လာလည်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 29, 2011

4Media Photo Slideshow Maker


Photo တွေကို သီချင်း ၊ Viedo တွေ  ထည့်ပီး   အလွယ်တကူ Slideshow လုပ်ချင်တဲ့လူတွေအတွက်      4Media Photo Slideshow Maker  ဆိုတာလေးထပ်တင်ပေးတာပါ...ဒီ software လေးနဲ့   ပုံတွေကို  အလွယ်တကူ slideshow  လေးလုပ်လို့ ရပါတယ်.. ဒီ software လေးရဲ့ အားသာချက်ကတော့  slideshow လုပ်ပီးသွားတဲ့ file ကို ထုတ်တဲ့ (output settings )နေရာမှာ အမျိုးအစားတွေ အများကြီးရွေးချယ်လို့ ရပါတယ်..  ဆော့ဝဲလ်ကတော့  potoble  အမျိုးအစားလေးပါပဲ....          လိုချင်ရင် အောက်မှာ  ဒေါင်းသွားပါ...



                                                 mediafire   ၊       ifile

Thursday, September 15, 2011

Android ဖုန်း နဲ့  zawgyi

Android ဖုန်းတွေမှာ  မြန်မာဖောင့်  (ဇော်ဂျီ)  သွင်းပုံသွင်းနည်းလေးကို  သူငယ်ချင်းတွေမေးကြတာ    များလို့   post အဖြစ်  တင်လိုက်တာပါ......ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ  မြန်မာဖောင့်ကို  သွင်းလိုရပါတယ် ..
ပထမဆုံး  အနေနဲ့   ဖုန်းကို  WiFi  နဲ့  အရင်ချိတ်လိုက်ပါ..ပီးရင်  Android ရဲ့ Market  မှာ Fontomizer SP  ဆိုတာကို  ရှာလိုက်ပါ  တွေ့ ပီဆိုရင်  ဖုန်းထဲကို  install လုပ်လိုက်ပါ...

Sunday, September 4, 2011

Photo Collage Master


ပုံတွေကို  အလွယ်တကူ  ဒီဇိုင်းလှလှလေးတွေနဲ့  အသုံးပြုချင်တဲ့လူတွေအတွက်ပါ..ဒီကောင်လေးက  အသုံးပြုရတာတော်တော်လည်း  လွယ်ကူပါတယ်..သူမှာပါတဲ့  Frame တွေကလည်း တော်တော်လေးစုံပါတယ်..ကျနော်  အပေါ်က  screen recoder လေးမှာပါတဲ့အတိုင်းပေါ့ဗျာ..  ကျတော့ရဲ့  သူငယ်ချင်းတစ်ယောက်ပုံကို  ခွင့်တောင်းပီး အစမ်းလုပ်ထားတာပါ..သူပေးထားတဲ့ Frame တွေထဲက ကြိုက်တဲ့ဒီဇိုင်းကို  အရင်ရွေးယူလိုက်ပါ..ပီးတာနဲ့   ဓာတ်ပုံထည့်ရမယ့် အကွက်လေးတွေမှာ  ကိုယ်အသုံးပြုမယ့် ပုံလေးတွေကို ရွေးပီးထည့်လိုက်ရင်ရပါပီ..ပီးတော့ ပုံတွေရဲ့ အရောင်ကို  ဖျော့ပီး  ခဲနဲ့ ကောက်ကြောင်းဆွဲထားသလိုမျိုး  effect လေးတွေလည်း  ပါလာပါတယ်..သဘောကျမယ်ထင်လို့  တင်ပေးလိုက်တာပါ လိုချင်ရင် အောက်မှာတင်ပေးထားပါတယ်  ဒေါင်းသွားပါ...  ။


                             
                                                 mediafire    ၊    ifile

Thursday, September 1, 2011

Life Photo Maker



ဒီ software လေးက ပုံတွေမှာ ရေကျနေတဲ့ပုံ ၊ရေလှိုင်းတွေ ၊ မိုးစက်ကျနေတဲ့ပုံ ၊ နှင်းကျတဲ့ပုံ ၊ မြူဆိုင်းနေတဲ့ ပုံလေးတွေဖန်တီးချင်တဲ့လူတွေအတွက် လွယ်ကူစွာ ဖန်တီးယူနိုင်တဲ့ software လေးပါ...ကျတော်ပြောနေရင် ပိုရှုပ်နေမယ် ကိုယ်တိုင်သုံးကြည့်လိုက်တာ ပိုလွယ်ပါတယ်.. ပုံတွေကို screensaver ၊ .exe ၊ Viedo (.avi) ၊ Gif file တွေအနေနဲ့  ကိုယ်ကြိုက်နှစ်သက် အမျိုးအစားကို ရွေးပီးလုပ်လို့ ရပါတယ်...
portable အမျိုးအစားလေပါ ကြိုက်မယ်ထင်ပါတယ် ..လိုချင်ရင် အောက်မှာ ဒေါင်းသွားပါ...






Mediafireifile